This is featured post 1 title
To set your featured posts, please go to your theme options page in wp-admin. You can also disable featured posts slideshow if you don't wish to display them.


This is featured post 2 title
To set your featured posts, please go to your theme options page in wp-admin. You can also disable featured posts slideshow if you don't wish to display them.


This is featured post 3 title
To set your featured posts, please go to your theme options page in wp-admin. You can also disable featured posts slideshow if you don't wish to display them.


ဟောတိန်း၏ အတွေးအမြင်
ရိုးသားဖြောင့်မတ်သူသည် ချစ်သူခင်သူနှင့် မိတ်ဆွေကောင်းများလျှက် ကြီးပွားတတ်လေသည် ၊ မရိုးသားသူတို့မှာ ပညာတတ်လေလေ အကျိုးယုတ်လေလေသာ ဖြစ်ကြ၏။
ဟောတိ...
ရှယ်ရီဒန်၏ အတွေးအမြင်
သတင်းစာများသည် လူတို့အား ကောင်းကျိုး ဆိုးကျိုးကို အများဆုံး ဖန်တီး၍ ပေးသော စက်ယန္တရားကြီးများပင် ဖြစ်လေသည်။
ရှယ်ရီ...
ကူပါ၏ အတွေးအမြင်
ပညာတတ်သူတို့သည် ငါတတ်သည် ထင်မှတ်၍ ထောင်လွှားကြ၏ ၊ ပညာရှိသည်ကား ငါတတ်စရာတွေ များလှချည်လားဟု ဆင်ခြင်ကာ နှိမ်ချ၏ ။
က...
ဒဂုန်ရွှေမျှား၏ အတွေးအမြင်
မိန်းမတို့မည်သည်မှာ အတော်အတန် မေတ္တာသက်ရောက်ပြီး ဖြစ်သောသူ တယောက်ပင်ဖြစ်သော်လည်း အကျပ်ကိုင်ခြင်းကို မကြိုက် မနှစ်သက်ကြချေ။
ဒဂုန်ရွှေမှ...
ဝန်ကြီးချုပ် ဦးနု၏ အတွေးအမြင်
ဤလောကကြီးတွင် စေတနာကောင်းနှင့်ချည်း အလုပ် လုပ်တိုင်း မရပေ ၊ဘုရားရှင်သည် ပင်လျှင် တရားရေအေး တိုက်ကျွေးရာ၌ စေတနာကောင်းကိုသာ မယုံစားပဲ ပေါင်းသင်းဆက်ဆံရေးကို အသုံးချဘူးသည်မှာ သာဓကဇာတ်ဝတ္ထုများ အထင်အရှား ရှိခဲ့ပါပေသည် ။
ဝန်ကြီးချုပ် ဦ...
မင်းဆွေ၏ အတွေးအမြင်
နဲနဲ ချစ်ရင် နဲနဲ ပူပံတယ် များများ ချစ်ရင် များများ ပူပံတယ် ဆိုတဲ့ စိတ်မျိုးနဲ့ ပြောဆို ဆုံးမတာကို သ၀င်ကြောင်တယ်လို့ ထင်တတ်တာဟာ မိန်းမတွေရဲ့ သေရာပါ အမှားကြီး တခုဘဲ ။
မင်း...
နပိုလျံ၏ အတွေးအမြင်
ကျွန်ုပ်၏ အောင်မြင်ခြင်း အားလုံး၌ ကျွန်ုပ် မိန်းမ၏ အထောက်အပံ့ကား တ၀က်ပါဝင်၏ ။
နပို...
ဂလပ်စဂိုမြို့ ပုလိပ်မင်းကြီး၏ အတွေးအမြင်
အိမ်ငယ်ငယ်နှင့် ရှုပ်ရှုပ် ထွေးထွေး နေကြသော ဆင်းရဲသား ရပ်ကွက်များတွင် သောက်စားမူးယစ်သောအလေ့နှင့် စိတ်ထားယုတ်ညံ့ အကျင့် ဖေါက်ပြားတတ်သော အလေ့တို့သည် များပြားတတ်ကြ၏ ။
ဂလပ်စဂိုမြို့ ပုလိပ်မင်ြး...
ပီမိုးနှင်း၏ အတွေးအမြင်
ကြီးပွားခြင်း နှင့် ကျန်းမာခြင်း၏ ရန်သူကြီးကား ပူပန် စိတ်သောကများခြင်းပင် ဖြစ်လေသည်။
ပီမိုးနှ...
ပီမိုးနှင်း၏ အတွေးအမြင်
´´ဆရာမပြ နည်းမကျ`` ဟူသောစကားသည် ယခုခေတ်နှင့် ဆိုင်သော စကားမဟုတ်၊ စာပေ ကျမ်းဂန်နည်းပါးလှသော ရှေးခေတ်များနှင့်သာ ဆိုင်လေသည်၊ သာမန်မျှသောသူသည် မိမိဝါသနာပါသော ပညာ အလုပ်တခုခု၌ စိတ်ကို အမြဲထားနေက လွယ်ကူစွာ လမ်းပွင့်နိုင်လေသည်။
ပီမိုးနှ...
ဖီလဒင်၏ အတွေးအမြင်
ဆင်ရဲ့ ဒုက္ခရောက်ခြင်းသည် မှတ်ကျောက်နှင့် အလားသဏ္ဍန်တူ၏ ၊ ဆင်းရဲ ဒုက္ခ မရောက်ဘူးပဲလျှက် ထိုသူ၏ ရိုးဖြောင့်ခြင်း မရိုးဖြောင့်ခြင်းကို မသိနိုင်။
ဖီလ...
မြို့မမောင်၏ အတွေးအမြင်
အလုပ်သည် လုပ်တတ်သော သူကိုစောင့်၏ ၊ လုပ်တတ်သော သူ လာလျှင် လုပ်တိုင်း ခံ၏ ၊ မလုပ်တတ်သောသူ လာလျှင် ထိုသူကို ပြန်၍ စမ်းတတ်၏။
မြို့မမေ...
ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအမြင်
အများအားဖြင့် စင်မြင့်ပေါ်သို့ တက်ပြီး အားကျယ်ကျယ် အော် ဟိုဆဲ သည်ဆဲ ဆိုလျှင် နိုင်ငံရေးဟု ထင်၏၊ ဤအရာမျိုးကား နိုင်ငံရေး မဟုတ် လူပြိန်းကြိုက် လူပေါစား အလုပ်မျိုးသာဖြစ်၏။
ဗိုလ်ချုပ်အောင်ဆ...
နပိုလျံ၏ အတွေးအမြင်
တိုင်းပြည်တပြည်၍ နောင်လာ နောင်သားများတို့၏ ကြီးပွား ထွန်းကားရေးမှာ မိခင်ကောင်းများထက် အခြားမည်သည့် အရာကမျှ အရေးတကြီး လိုအပ်သည် မဟုတ်။
နပို...
ဦးခ(ဇလွန်)၏ အတွေးအမြင်
ခေတ်သည် လူတို့၏ စိတ်ကြောင့်သာ ပြုပြင်ပြောင်းလဲခဲ့၏ ၊ သင်သည် လူတို့၏ အလိုသို့လိုက်ရမှန်း မသိသည် ဖြစ်အံ့၊ လူတို့သည် သင့် အလိုသို့လိုက်ပါလာကြလိမ့်မည် မဟုတ်ပေ။
ဦးခ(ဇလွ...
မင်းဘူးအရှင်သြဘာသ၏ အတွေးအမြင်
ဓမ္မ၀တ်စရိုက်သာရှိ၍ လောက၀တ်အလိုက်မရှိလျှင် မိမိ၌ ရောက်သမျှ မျက်မှောက်ကြောင်း ဂုဏ်ပေါင်း မကြွယ်သဖြင့် ရောင်စွယ်တုံးတတ်သည်၊ လောက၀တ် အလိုက်သာရှိ၍ ဓမ္မ၀တ်စရိုက် မရှိလျှင် မိမိအောက်ဘ၀ ထွက်မြောက်ကြောင်း ကုန်ကောင်းမသွယ်သဖြင့် နောင်ဝယ် ရှုံးတတ်သည်။
မင်းဘူးအရှင်သြ...
သတင်းစုံ
လူမှန်လျှင် ဟိရိ သြတ္တပ္ပနှင့် အညီ ရှက်ခြင်း ကြောက်ခြင်း ရှိရမည်၊ သို့သော် နေရာတိုင်း ရှက်ကြောက်နေလျှင်လည်း ခက်တတ်ပြန်လေသည်။
သတင်းစုံ(ကမ္ဘာနီ...
စိတ်ပညာရှင်တဦး၏ အတွေးအမြင်
မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော်လည်း မြော်လင့်သည်အတိုင်း ဤကမ္ဘာလောကကြီးက အထင်ကြီးခွင့်မပေးသဖြင့် စိတ်တိုင်းကျ အထင်ကြီးခွင့်ရသော အရူးဘ၀သို့ လူတို့သည် ကူးပြောင်းကြရကုန်၏။
စိတ်ပညာပါရဂူတ...
မင်းနွယ်၏ အတွေးအမြင်
လူ လေးမျိုး
အားလုံးက မကောင်း အပြောခံရရင်........... .......... လူဆိုး
တစ်ဝက်က မကောင်း အပြောခံရရင်................... လူမှန်
တစ်ယောက်တလေက မကောင်း အပြောခံရရင် ........... လူကောင်း
အားလုံးက ကောင်းပါတယ်လို့ အပြောခံရရင် ................ လူညာ
မင်းန...
မော်စီတန်၏ အတွေးအမြင်
ကျွန်ုပ်တို့ စာပေနှင့် သုခုမ ပညာများသည် ရှေ့တန်းက လူများအနက် မည်သည့်လူစု အတွက်မှ မဟုတ် လူထုအတွက်သာ ဖြစ်သည်။
မော်စီတန်(ကမ္ဘာ့နီ...
ဂလက်စတုန်၏ အတွေးအမြင်
အချိန်ကို ချွေတာလျှင် ငွေကို စု၍ အတိုးချသည်ထက် ပိုမို၍ ကြီးသော အမြတ်ကို ရနိုင်လေသည်။
ဂလက်စတုန်(ကမ္ဘာ့နီ...
Subscribe to:
Posts (Atom)
Labels
- ကျန်းမာရေး (2)
- စိတ်ပညာရေး (1)
- စီပွားရေး (2)
- ပညာရေး (5)
- ဘာသာရေး (2)
- လူမှုဆက်ဆံရေး (2)
- အိမ်ထောင်ရေး (3)
- အထွေထွေ (2)
- နိုင်ငံရေး (3)