ဖီလဒင်၏ အတွေးအမြင်

ဆင်ရဲ့ ဒုက္ခရောက်ခြင်းသည် မှတ်ကျောက်နှင့် အလားသဏ္ဍန်တူ၏ ၊ ဆင်းရဲ ဒုက္ခ မရောက်ဘူးပဲလျှက် ထိုသူ၏ ရိုးဖြောင့်ခြင်း မရိုးဖြောင့်ခြင်းကို မသိနိုင်။

ဖီလဒင်
read more »

မြို့မမောင်၏ အတွေးအမြင်

အလုပ်သည် လုပ်တတ်သော သူကိုစောင့်၏ ၊ လုပ်တတ်သော သူ လာလျှင် လုပ်တိုင်း ခံ၏ ၊ မလုပ်တတ်သောသူ လာလျှင် ထိုသူကို ပြန်၍ စမ်းတတ်၏။


မြို့မမောင်
read more »

ဗိုလ်ချုပ်အောင်ဆန်း၏ အတွေးအမြင်

အများအားဖြင့် စင်မြင့်ပေါ်သို့ တက်ပြီး အားကျယ်ကျယ် အော် ဟိုဆဲ သည်ဆဲ ဆိုလျှင် နိုင်ငံရေးဟု ထင်၏၊ ဤအရာမျိုးကား နိုင်ငံရေး မဟုတ် လူပြိန်းကြိုက် လူပေါစား အလုပ်မျိုးသာဖြစ်၏။

ဗိုလ်ချုပ်အောင်ဆန်း
read more »

နပိုလျံ၏ အတွေးအမြင်

တိုင်းပြည်တပြည်၍ နောင်လာ နောင်သားများတို့၏ ကြီးပွား ထွန်းကားရေးမှာ မိခင်ကောင်းများထက် အခြားမည်သည့် အရာကမျှ အရေးတကြီး လိုအပ်သည် မဟုတ်။


နပိုလျံ
read more »

ဦးခ(ဇလွန်)၏ အတွေးအမြင်

ခေတ်သည် လူတို့၏ စိတ်ကြောင့်သာ ပြုပြင်ပြောင်းလဲခဲ့၏ ၊ သင်သည် လူတို့၏ အလိုသို့လိုက်ရမှန်း မသိသည် ဖြစ်အံ့၊ လူတို့သည် သင့် အလိုသို့လိုက်ပါလာကြလိမ့်မည် မဟုတ်ပေ။


ဦးခ(ဇလွန်)
read more »

မင်းဘူးအရှင်သြဘာသ၏ အတွေးအမြင်

ဓမ္မ၀တ်စရိုက်သာရှိ၍ လောက၀တ်အလိုက်မရှိလျှင် မိမိ၌ ရောက်သမျှ မျက်မှောက်ကြောင်း ဂုဏ်ပေါင်း မကြွယ်သဖြင့် ရောင်စွယ်တုံးတတ်သည်၊ လောက၀တ် အလိုက်သာရှိ၍ ဓမ္မ၀တ်စရိုက် မရှိလျှင် မိမိအောက်ဘ၀ ထွက်မြောက်ကြောင်း ကုန်ကောင်းမသွယ်သဖြင့် နောင်ဝယ် ရှုံးတတ်သည်။

မင်းဘူးအရှင်သြဘာသ
read more »

သတင်းစုံ

လူမှန်လျှင် ဟိရိ သြတ္တပ္ပနှင့် အညီ ရှက်ခြင်း ကြောက်ခြင်း ရှိရမည်၊ သို့သော် နေရာတိုင်း ရှက်ကြောက်နေလျှင်လည်း ခက်တတ်ပြန်လေသည်။

သတင်းစုံ(ကမ္ဘာနီတိ)
read more »

စိတ်ပညာရှင်တဦး၏ အတွေးအမြင်

မိမိကိုယ်ကိုမိမိ အထင်ကြီးနေသော်လည်း မြော်လင့်သည်အတိုင်း ဤကမ္ဘာလောကကြီးက အထင်ကြီးခွင့်မပေးသဖြင့် စိတ်တိုင်းကျ အထင်ကြီးခွင့်ရသော အရူးဘ၀သို့  လူတို့သည် ကူးပြောင်းကြရကုန်၏။


စိတ်ပညာပါရဂူတဦး
read more »

မင်းနွယ်၏ အတွေးအမြင်

 လူ လေးမျိုး

အားလုံးက မကောင်း  အပြောခံရရင်........... ..........            လူဆိုး
တစ်ဝက်က မကောင်း  အပြောခံရရင်...................               လူမှန်
တစ်ယောက်တလေက မကောင်း  အပြောခံရရင် ...........          လူကောင်း
အားလုံးက ကောင်းပါတယ်လို့  အပြောခံရရင် ................       လူညာ


 မင်းနွယ်
read more »

မော်စီတန်၏ အတွေးအမြင်

ကျွန်ုပ်တို့ စာပေနှင့် သုခုမ ပညာများသည် ရှေ့တန်းက လူများအနက် မည်သည့်လူစု အတွက်မှ မဟုတ် လူထုအတွက်သာ ဖြစ်သည်။


 မော်စီတန်(ကမ္ဘာ့နီတိ)
read more »

ဂလက်စတုန်၏ အတွေးအမြင်

အချိန်ကို ချွေတာလျှင် ငွေကို စု၍ အတိုးချသည်ထက် ပိုမို၍ ကြီးသော အမြတ်ကို ရနိုင်လေသည်။


ဂလက်စတုန်(ကမ္ဘာ့နီတိ)
read more »