Showing posts with label ပညာရေး. Show all posts
Showing posts with label ပညာရေး. Show all posts

ဟောတိန်း၏ အတွေးအမြင်

ရိုးသားဖြောင့်မတ်သူသည် ချစ်သူခင်သူနှင့် မိတ်ဆွေကောင်းများလျှက် ကြီးပွားတတ်လေသည် ၊ မရိုးသားသူတို့မှာ ပညာတတ်လေလေ အကျိုးယုတ်လေလေသာ ဖြစ်ကြ၏။

ဟောတိန်း
read more »

ရှယ်ရီဒန်၏ အတွေးအမြင်

သတင်းစာများသည် လူတို့အား ကောင်းကျိုး ဆိုးကျိုးကို အများဆုံး ဖန်တီး၍ ပေးသော စက်ယန္တရားကြီးများပင် ဖြစ်လေသည်။

ရှယ်ရီဒန်
read more »

ကူပါ၏ အတွေးအမြင်

ပညာတတ်သူတို့သည် ငါတတ်သည် ထင်မှတ်၍ ထောင်လွှားကြ၏ ၊ ပညာရှိသည်ကား ငါတတ်စရာတွေ များလှချည်လားဟု ဆင်ခြင်ကာ နှိမ်ချ၏ ။

ကူပါ
read more »

ပီမိုးနှင်း၏ အတွေးအမြင်

´´ဆရာမပြ နည်းမကျ``  ဟူသောစကားသည် ယခုခေတ်နှင့် ဆိုင်သော စကားမဟုတ်၊ စာပေ ကျမ်းဂန်နည်းပါးလှသော ရှေးခေတ်များနှင့်သာ ဆိုင်လေသည်၊ သာမန်မျှသောသူသည် မိမိဝါသနာပါသော ပညာ အလုပ်တခုခု၌ စိတ်ကို အမြဲထားနေက လွယ်ကူစွာ လမ်းပွင့်နိုင်လေသည်။

ပီမိုးနှင်း
read more »

မော်စီတန်၏ အတွေးအမြင်

ကျွန်ုပ်တို့ စာပေနှင့် သုခုမ ပညာများသည် ရှေ့တန်းက လူများအနက် မည်သည့်လူစု အတွက်မှ မဟုတ် လူထုအတွက်သာ ဖြစ်သည်။


 မော်စီတန်(ကမ္ဘာ့နီတိ)
read more »